အေဝမ်းမိသားစုရဲ့ မြစ်သားပင်ရင်းပွဲရုံ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရပါသည်။ ကံကောင်းထောက်မစွာဖြင့် အလုပ်ရှင် နှင့် ဝန်ထမ်း လုပ်သား တစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါ။ စိတ်ပူပန် မေးမြန်းကြသော ဆုတောင်းပေးကြသော မိတ်ဆွေဖောက်သည်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
အေဝမ်းမိသားစု ပွဲရုံလုပ်ငန်းနှင့် စက်ရုံတို့ရဲ့ လုပ်ငန်းစဉ် ထုတ်လုပ်ရေး ဖြန့်ချိရေးများ နိုင်ငံခြားသို့တင်ပို့ခြင်းများအားလုံး ပုံမှန်အတိုင်း လည်ပတ်မည်ဖြစ်ပါကြောင်း မိတ်ဖက် ဖောက်သည်များအားလုံးအား လေးစားစွာ အသိပေးလိုက်ရပါတယ်ရှင်။
ငလျင်ဒဏ်ခံစားရသော မိတ်ဆွေများ ပြည်သူများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အမြန်ဆုံး ပြန်လည်ထူထောင်ရေး လုပ်နိုင်ကြပါစေ၊ မိသားစုများအားလုံး ဘေးကင်းကြပါစေ လို့ အေဝမ်း မိသားစုမှ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင်။